မောရှေ/ထက် ကြီးမြတ်တော်မူသော ယေရှု
3
ထို့ကြောင့် ဘုရားသခင်/၏ ရွေးချယ်တော်မူခြင်း/ခံရ/သူတို့/ထဲတွင် ပါဝင်သည့် သန့်ရှင်းသော/ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်တို့/၏ ယဇ်ပုရောဟိတ်မင်း/နှင့် အထူး/တမန်တော်/အဖြစ် ကျွန်ုပ်တို့/ဝန်ခံသော ယေရှု/ခရစ်တော်/ကို ဆင်ခြင်/အောက်မေ့ကြလော့။ 2 မောရှေ/သည် ဘုရားသခင်/၏/အိမ်တော်/တစ်ခုလုံး/အပေါ် သစ္စာရှိ/သကဲ့သို့ ယေရှု/သည်လည်း မိမိ/အား ခန့်ထားတော်မူသော ဘုရားသခင်/အပေါ် သစ္စာရှိတော်မူ၏။ 3 သို့သော် အိမ်ဆောက်သူ/သည် ထို/အိမ်/ထက် ပို၍/ဂုဏ်အသရေ/ရှိ/သကဲ့သို့ ယေရှု/ခရစ်တော်/သည် မောရှေ/ထက် ပို၍ ဂုဏ်အသရေ/ခံထိုက်၏။ 4 အဘယ်ကြောင့်ဆိုသော် အိမ်/ကို လူ/က တည်ဆောက်/သော်လည်း ဘုရားသခင်/သည် အရာခပ်သိမ်း/ကို တည်ဆောက်တော်မူ/သောကြောင့်/ဖြစ်၏။ 5 မောရှေ/သည် အစေခံ တစ်ဦး/အနေဖြင့် ဘုရားသခင်/၏ အိမ်တော်/တစ်ခုလုံး/အပေါ် သစ္စာရှိ/ပြီး အနာဂတ်/တွင် ဘုရားသခင်/ဟောပြောမည့်/အရာ/အတွက် သက်သေ/တစ်ဦး/ဖြစ်၏။ 6 သို့သော် ခရစ်တော်/သည် သားတော်/တစ်ပါး/အဖြစ် ဘုရားသခင်/၏ အိမ်တော်/ကို အုပ်စိုးရာ/တွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့/၏ စိတ်ချယုံကြည်မှု/နှင့်/ဂုဏ်ယူ/ဝင့်ကြွားစရာ မျှော်လင့်ခြင်း/ကို ခိုင်မြဲစွာ/စွဲကိုင်ထား/လျှင် ကျွန်ုပ်တို့/သည် ကိုယ်တော်/၏/အိမ်တော်/ဖြစ်ကြ၏။7 ထို့ကြောင့် သန့်ရှင်းသော/ဝိညာဉ်တော်/မိန့်တော်မူသည်/မှာ
“ယနေ့ သင်တို့/သည် ကိုယ်တော်/၏/အသံ/ကို ကြား/လျှင်
8-9 သင်တို့/၏ ဘိုးဘေးများ/သည် အနှစ်/လေးဆယ်/လုံးလုံး ငါ/၏ လုပ်ဆောင်မှုတို့/ကို မြင်ခဲ့ကြ/သော်လည်း
တော/၌ ငါ့/ကို အကဲစမ်း/လျက်
ပုန်ကန်/စဉ်က ခေါင်းမာ/သကဲ့သို့
သင်တို့/သည် ခေါင်းမမာကြနှင့်။
10 သို့ဖြစ်၍ ထို/မျိုးဆက်/ကို စိတ်ဆိုး/လျက်
‘သူတို့/သည် အစဉ်/လမ်းလွဲ/၍
ငါ/၏ လမ်းစဉ်/ကို မသိကြ’ ဟု ငါ/ဆို၏။
11 ထို့ကြောင့် ငါ/သည် စိတ်ဆိုး/၍
‘သူတို့/သည် ငါ/၏/စံမြန်း/နားခိုရာ/သို့ မည်သည့်/အခါမျှ ဝင်ကြရမည်/မဟုတ်’ ဟု ကျိန်ဆိုသည်”a
ဟူ၍/ဖြစ်၏။
12 ညီအစ်ကို/မောင်နှမတို့… သင်တို့/၏ စိတ်နှလုံး/သည် ညစ်ညူး/၍ ယုံကြည်/ရန် ငြင်းဆန်/ကာ အသက်ရှင်သော ဘုရားသခင်/ထံမှ ထွက်မသွား/စေရန် သတိပြုကြလော့။ 13 သင်တို့/သည် အပြစ်/၏/လှည့်စားမှု/ကြောင့် ခေါင်းမာသူများ/မဖြစ်/ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်း/အားပေး/တိုက်တွန်းကြလော့။ 14 ကျွန်ုပ်တို့/၏ မူလ/ခံယူချက်/ကို အဆုံး/တိုင်အောင် ခိုင်မြဲစွာ/စွဲကိုင်ထား/လျှင် ကျွန်ုပ်တို့/သည် ခရစ်တော်/နှင့် သက်ဆိုင်/သူများ/ဖြစ်ကြ၏။ 15 ကျမ်းစာ/၌
“ယနေ့ ကိုယ်တော်/၏/အသံ/ကို/ကြားလျှင်
သင်တို့/၏ ဘိုးဘေးများ ပုန်ကန်/စဉ်က ခေါင်းမာ/သကဲ့သို့
သင်တို့/သည် ခေါင်းမမာကြနှင့်”b
ဟု ဖော်ပြထား၏။
16 ကိုယ်တော်/၏ အသံ/ကို ကြား/လျက် ပုန်ကန်သောသူတို့/သည် အဘယ်သူနည်း။ အီဂျစ်ပြည်/မှ မောရှေ/ခေါ်ထုတ်ခဲ့သော/သူ/အပေါင်းတို့/မဟုတ်လော။ 17 အနှစ်/လေးဆယ်/အတွင်း ဘုရားသခင် အမျက်ထွက်တော်မူသော/သူတို့/မှာ မည်သူတို့နည်း။ အပြစ်ကျူးလွန်/၍ တော/ကန္တာရ/၌/သေသော/သူများ မဟုတ်လော။ 18 ဘုရားသခင်/သည် သူ/၏/စံမြန်း/နားခိုရာ/ထဲသို့ မဝင်ရ/ဟု မည်သူ့ကို ကျိန်ဆိုခဲ့/သနည်း။ သူတို့သည် မနာခံ ငြင်းဆန်သူများ မဟုတ်လော။ 19 သို့ဖြစ်၍ သူတို့/သည် မယုံကြည်/သောကြောင့် ဘုရားသခင်/၏ စံမြန်း/နားခိုရာ/ထဲသို့ မဝင်နိုင်/ကြသည်/ကို ကျွန်ုပ်တို့/သိ၏။